MRVT College က ထိုင်းနိုင်ငံနှင့်တိုက်ရိုက်ချိတ်ဆက်ထားတဲ့ကျောင်းဖြစ်ပြီး ပြည်ပမှာကျောင်းတက်ဖို့အခွင့်အလမ်းများစွာကို ယူဆောင်လာပေးတဲ့
ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက်ကြောင့် MRVTမှာကျောင်းတက်ဖို့ရွေးခြယ်ခဲ့ခြင်းဖြစ်ပါတယ် ကျောင်းတက်ရတဲ့ အတွေ့အကြုံတွေကပြောပြလို့တောင်ကုန်နိုင်မယ်မထင်ပါဘူး ကျောင်းကဆရာတွေ၊ဆရာမတွေ၊HR တွေ၊စီနီယာတွေက ကျောင်းသားတစ်ယောက်စီတိုင်းကိုနွေးနွေးထွေးထွေးကြိုဆိုကြတယ်။ ညီမကအရင်ကဆို လူတွေရှေ့ကိုထွက်ပြီးစကားပြောရတာအရမ်းကြောက်တဲ့သူပါ ဒါပေမယ့် ဒီကျောင်းမှာတက်ပြီးနောက်အဲ့ကြောက်စိတ်က တော်တော်ကိုပျောက်သွားတယ်။ Fresher welcome နေ့မှာကိုယ့်အကြောင်းကိုတစ်ယောက်ချင်းစီအရှေ့ကိုထွက်ပြီးမိတ်ဆက်ရတာတွေ၊ Business Management diploma အတန်းမှာဆိုလည်း တီချယ်မေးတဲ့ စာတွေကို တစ်ယောက်ချင်းထဖြေရတာတွေကြောင့် လူတွေရှေ့ထွက်ရမှာကိုအရင်ကလိုမကြောက်တော့ဘဲ self-confidence တွေပိုရှိလာပါတယ်။နောက်တစ်ခုက အသင်းအဖွဲ့နဲ့လုပ်တတ်လာတယ်၊ ပြည်နယ်တွေ၊တိုင်းတွေမတူတဲ့နေရာတွေက သူငယ်ချင်းတွေအများကြီးကိုလည်းခင်မင်ခွင့်ရခဲ့တယ်။MRVT Collegeက ညီမတို့ကျောင်းသား၊ကျောင်းသူတွေကို တတ်နိုင်တာမှန်သမျှ၊လုပ်ပေးနိုင်တာမှန်သမျှကို အကောင်းဆုံးဖြစ်အောင် ပံပိုးပေးခဲ့တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။