ဟုတ်ကဲ့ ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကတော့ ဒီကာလမှာ ဟိုဟိုဒီဒီ သင်တန်းတွေ လိုက်တက်ရင်း ဘာဆက်လုပ်ရမလဲ မသိ လမ်းပျောက်နေချိန်မှာ လျှောက်လှမ်းရမယ့်လမ်းကိုရှာတွေ့သွားသလိုမျိုး စိတ်ထဲကို တက်ချင်တဲ့ဆန္ဒတွေပြင်းပြင်းပြပြပေါ်လာပါတယ် အဲ့အပြင်နိုင်ငံရပ်ခြားမှာ ကိုယ်တိုင်လည်း ပညာသင်မိဘကိုလည်းတစ်ဖက်တစ်လှမ်းပြန်ထောက်ပံ့ပေးနိုင်တဲ့အခွင့်ရေးတွေကြောင့် စတင်ရွေးချယ်ဖြစ်ခဲ့ပါတယ် ကျောင်းတက်နေရတဲ့အတွေ့ကြုံကတော့ နယ်ပေါင်းစုံကသူငယ်ချင်းအသစ်တွေရလာပြီးတော့ ကိုယ်တိုင်လည်း မိတ်ဆွေပေါများလာပါတယ်ေကျာင်းက ရလိုက်တာက အရင်ကလူတွေ့ရင်ခေါ်ဖို့ နှုတ်ဆက်ဖို့ မရဲတာမျိုးတွေ ကနေ အရင်ကထက်ကိုယ့်ကိုကိုယ် ပိုပြီးပြောဆိုရဲလာပါတယ် စာသင်ေပးတဲ့တီချယ်တွေကလည်းစိတ်ရှည်သဘောကောင်းကြပြီး HRအကိုအမတွေကလည်းဖော်ေဖာ်ရွေရွေရှိတာကြောင့်တက်ရတာ လုံး၀အဆင်ပြေပါတယ်
ဒီကျောင်းတော်ကြီးကိုထောင်ပေးခဲ့တဲ့ Founder ဆရာတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ဆရာတို့ကြောင့် ကျနော်တို့အနာဂတ်လမ်းကြောင်းပွင့်လာတာပါ ဆရာ ဆရာမတို့ကျေးဇူးမမေ့လို့ ညတိုင်းမေတ္တာပို့သလျက်ပါ