MRVT Collegeကို online ကနေတွေ့ပြီး စိတ်ဝင်စားလို့ အဲမှာတက်နေတဲ့ သူငယ်ချင်းတွေဆီကို စုံစမ်းမေးကြည့်ပြီးမှ ကျောင်းကိုတက်ဖြစ်လာတယ်။ပြီးတော့ ကျောင်းတွေအကုန်ပိတ်တဲ့အချိန်မို့ လမ်းပျောက်ပြီး နေခဲ့တဲ့အချိန်မှာ ကိုယ့်အိပ်မက်နဲ့ ကိုယ်တက်ချင်တဲ့Majorနဲ့ တက်ခွင့်ရတဲ့ အခွင့်အရေးပေးတဲ့ Collegeဖြစ်လို့ ရွေးချယ်ဖြစ်ခဲ့တယ်။ အသင်အပြလဲ အရမ်းကောင်းတယ်လို့ ကြားလို့ ပိုပြီးစိတ်ဝင်စားခဲ့တယ်။
ခုတော့ ကျေးဇူးတော်ကြောင့်တက်ခွင့်ရခဲ့ပြီး တကယ်ကို အသင်အပြလဲကောင်း ပြီး စိတ်ထားကောင်းမွန်ပြီး လူမျိုးဘာသာခွဲခြားခြင်းမရှိတဲ့ ဆရာ၊ဆရာမတွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။
ပြီးတော့ ဒီစာတစ်ခုတည်းမဟုတ်ဘဲ ကျောင်းသား၊သူတွေ အတွက်လိုအပ်တဲ့ တခြားသင်တန်းတွေနဲ့လဲ ဖြည့်စွက်ကူညီပေးကြတယ်။
လက်တွေ့ကျကျလဲ သင်ပြပေးလို့ စာတွေ မှတ်ရလွယ်ပြီး စိတ်ထဲမှာ စွဲထင်းသွားစေတယ်။ပြီးတော့ ကျောင်းသူ၊သားတွေရဲ့ အခက်အခဲတွေကိုလဲ နားလည်ပေးပြီး ကူညီပေးတဲ့ စိတ်ထားကောင်းတဲ့ ဆရာ၊မတွေ၊
HRဆရာ၊မတို့ကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုယ်မတတ်တဲ့ အရာတွေကိုလဲ စိတ်ရှည်ပေးပြီး သင်ပေးခဲ့တယ်။စိတ်ထညးကောင်းပြီး ဖော်ရွေတဲ့ သူငယ်ချင်းများနဲ့လဲ တွေ့ခွင့်ရခဲ့တယ်။
ဒါကြောင့် ကျွန်မရဲ့ ရှေ့ဆက်ဖို့ လမ်းဗပျာက်နေချိန်မှာ ဒီလိုအခွင့်အရေးတွေ လမ်းဖွင့်ပေးတဲ့ MRVTကေျာင်းတော်ကြီးနဲ့ ဆရာ/မတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
MRVTကျောင်းတော်ကြီး ဒီထက်မက အောင်မြင်မှုရရှိနိုင်ပါစေ။